မိုးဘိ (လူဆီးယာထွေး)
နေ့လည်း အမေ ညလည်း အမေ တစ်ချိန်လုံး အမေ့ကိုပဲ တမ်းတနေရတော့တယ်။ ကံဆိုးချင်တော့ သမီးရဲ့ အဖေရော အမေပါ ရောဂါဝေဒနာနဲ့ ကြုံတွေ့ရင်ဆိုင်နေရတယ်။ ဆေးဖိုးဝါးခက သိတဲ့အတိုင်းပါပေါ့။ ကုန်ကျနည်းတာမှ မဟုတ်ပဲ။ ဒီတော့ သမီးက ကျောင်းစာကို ဘယ်စိတ်ဝင်စားတော့မှာလဲ။ အဖေနဲ့အမေကို တွေ့ချင်လွန်းလို့ စာကို စိတ်မဝင်စားတော့တာ တစ်ဖက်ရယ် အဖေနဲ့အမေကို တွေ့ခွင့်ရပြန်တော့လည်း မရွှင်လန်း ညှိုးနွမ်းနေတဲ့ အဖေနဲ့အမေရဲ့ မျက်နှာကို မြင်ရတော့ သမီးအဖေနဲ့ အမေကို မတွေ့ရလို့ လွမ်းရတဲ့ဒဏ်ထက် ပိုဆိုးသွားတယ်။ သမီးခံနိုင်ရည် မရှိတော့ အမေ့အနားမှာ နေရင်း တစ်ချိန်လုံး ပါးပြင်မှာ ယိုစီးလာတဲ့ မျက်ရည်က မခမ်းခြောက်နိုင်ခဲ့ဘူး။ အမေဆိုတာ သောကပူဆွေးခြင်းနဲ့ မကင်းကြဘူးလေး။ ကျန်းမာရေး အခြေအနေကြောင့် ပူပန်နေရတာရယ် အခြားသူများရဲ့ သားသမီးတွေလို သမီးက မနေနိုင်ရလို့ အမေက မကြည့်ရက်ဘူးလို့ အမေက တတွတ်တွတ်ပြောနေတယ်လေး။ ဝမ်းနည်းကြေကွဲမှုဆိုတာ အဲ့ဒီကတည်းက သမီးပြင်းပြင်းထန်ထန်ခံစားလာခဲ့ရတာပါ။ လိုအပ်ချက်တွေ မပြည့်စုံနိုင်တဲ့ သမီးဘဝမှာ အလိုလိုနဲ့ ပဉ္စမတန်းအောင်သွားတယ်။ နွေရာသီကျောင်းပိတ်တော့ အမေ့ခြေရင်းကနေ တဖဝါးမှ မခွာနိုင်အောင် အဖြစ်သည်းနေတော့တာပေါ့။ အဖေအမေတို့ ပိုပြီး ကျပ်တည်းလာတယ်။ သမီး ဆဌမတန်းတက်ရမယ့်နှစ်မှာ အဖေကပြောတယ် သမီးအမေနဲ့ မဝေးချင်ဘူး မဟုတ်လားတဲ့ ဒါဖြင့်ရင် အမေနဲ့ပဲ နေပေါ့တဲ့ သမီးခံစားနားလည် တတ်တဲ့အချိန်မှာ သြော်- အဖေ့ရဲ့ဆိုလိုချက်က သမီးကို ကျောင်းမထားနိုင်တော့ဘူး။ ကျောင်းထွက်ရမယ်ဆိုတာပါပဲလားလို့ သဘောပေါက်နားလည်လာတယ်လေး။ အဖေက သမီးကို ကြင်ကြင်နာန်ာနဲ့ ပြောတော့ သမီးက အမေနဲ့ နေရတာကိုပဲ ပျော်မွေ့နေလို့ ခေါင်းငြိမ့်ခဲ့တယ်။ ကျောင်းဖွင့်ချိန်ရောက်ပြန်တော့ သမီးရက်တိုင်းလိုလို မျက်ရည်နဲ့ အဖော်ပြုနေရပြန်တယ်။ သမီးကျောင်းသိပ်နေချင်သေးတာပေါ့။ ဒါပေမယ့် သမီးရဲ့ မိသားစု ကြိုးစားရုန်းကန်ရှာဖွေနေရတာဆိုတာ ထပ်ခါထပ်ခါနားနဲ့ဝအောင် ကြားနေရပြီ ကိုယ်တိုင်လည်း တွေ့မြင်နေရပြီမို့ ကျောင်းနေချင်ပေမယ့် ပူဆာဖို့ ဆန္ဒက လျော့နည်းသွားတယ်။ သြဂုတ်လရောက်တော့မှ ဆရာတစ်ယောက်နဲ့ ကံကြမ္မာက ဆုံစေတယ်လို့ ပြောရမှာပဲ။ ဆရာက သမီးကို သနားလို့ဆိုပြီး ဆရာကြောင့် သမီးကျောင်းနေခွင့် ပြန်ရခဲ့တယ်။ သမီးဝမ်းသာလိုက်တာမှ လွန်ရော ဘယ်လိုပဲဖြစ်ဖြစ် သမီးပညာတတ်ဖြစ်ချင်တဲ့စိတ်နဲ့ အမေနဲ့ ခဏတာ ကြိုးစားပြီး အနေဝေးလိုက်မယ် ပြီးရင်စာကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျောင်းစာလည်း နှစ်လတောင် နောက်ကျပြီ ဒါပေမယ့် သမီးစိတ်ဓါတ် မကျပါဘူး။ ကြောက်လည်း မကြောက်ဘူး။ သမီးရဲ့ ကြိုးစားမှုကြောင့် နောက်ဆုံးစာမေးပွဲကြီးဖြေတဲ့အထိ သမီးတခါမှ တဘာသာမှ မကျခဲ့ဖူးဘူး။ ဒါလည်း အဆင်မပြေတပြေနဲ့ ကျောင်းပြီးသွားခဲ့တာပါပဲ။ သမီးနဝမတန်း တက်ရမယ့်နှစ် ကံဆိုးခြင်းက ရောက်လာပြန်တယ်။ သမီးကျောင်း ဆက်တက်လို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပြန်တယ်လေး။ လေးနှစ်ကျောင်းထွက်လိုက်ရတယ်ဆိုပေမယ့် ပညာတတ်ကြီး တစ်ယောက်ဖြစ်ဖို့ မျှော်လင့်ချက်က ပျောက်ဆုံးမသွားခဲ့ဘူး။
တချို့သူငယ်ချင်းတွေက ပြောတယ် ဖြစ်မလာနိုင်တဲ့ အရာကို သွားပြီး စိတ်ကူးယဉ်လို့တော့ အပိုပဲ. အချိန်ရှိတိုင်း ပညာတတ်တစ်ယောက်အကြောင်းပဲ သွားပြီး စိတ်ကူးယဉ်နေမိတယ်။ တကယ်ပဲ သမီးကျောင်းနေတဲ့ အိမ်မက် မကြာခဏမက်နေတယ်။ သမီးရဲ့ စိတ်ကူးအတိုင်းဖြစ်လာဖို့ တစ်နေ့နေ့ဆိုတဲ့ မျှော်လင့်ချက်ကို သမီးထွေးပိုက်ထားတယ်။ တစ်နေ့မှာ ကံကောင်းခြင်းက သမီးအပေါ် တစ်လှည့်ပြန်ပြီး ကျရောက်လာတယ်လေး။ ဘာဖြစ်လို့လဲဆိုတော့ အခုလို ကျောင်းနေခွင့် ပြန်လည်ရရှိလို့ပါပဲ.။ ပြန်တွေးကြည့်ရင် ဘဝအခြေအနေက မိုးနဲ့ မြေလို ကွာခြားသွားသလိုပါပဲ။ ပညာရယူဖို့ ဘာကို ပူပန်ရဦးမှာလဲ။ ဘာဆိုဘာမှ ဝယ်ယူစရာမလိုအောင် အရာရာအခမဲ့ရနေရတာလေး။ ဒါကို တန်ဖိုးမထား၊ နားမလည်တဲ့ ကျောင်းသူ/သားတွေကို သမီးသိပ်နားလည်စေချင်တာပါ။ ပညာသင်ယူနိုင်အောင် ကူညီပံ့ပိုးပေးတဲ့ သမီးတို့ရဲ့ ကျေးဇူးရှင်တွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ အချိန်ကို တန်ဖိုးထား၊ လေးစားရမယ်လေး။ စာကိုအထူးကြိုးစားသင်ယူရမှာ။ သမီးနဲ့အတူ ကျောင်းသူ/သားများအားလုံးပဲ မြန်မာပြည်ရဲ့
ပညာရေးအကြောင်းကို ပြန်တွေးကြည့်လိုက်ပါ။ အခုလို နယ်မြေရပ်ခြားမှာ လွတ်လွတ်လပ်လပ် ချောမွေ့စွာနဲ့ ပညာသင်ယူခွင့်ရခဲ့ဖူးလို့လား။ ကုန်ကျစရိတ်က မြန်မာပြည်က လာတဲ့ဘဝတူတွေ သိကြပါတယ်။ သားသမီးကျောင်းနေရဖို့အတွက် မိဘက အလုပ်ကို ကြိုးစားလုပ်ပြီး ဘယ်လောက်ထိပင်ပင်ပန်းပန်း ရှာဖွေစုဆောင်းခဲ့ရလဲ။ တချို့မိဘဆိုရင်ရှိတဲ့ ပစ္စည်း၊ တိရိစ္ဆာန်တွေကို သားသမီးအတွက် ဆိုပြီး ရောင်းသင့်ရင် သမီးတို ပညာသယ်ယူရလို့ ကျေးဇူးရှင်တွေအတွက်လည်း သတိရဆုတောင်းပေးကြပါဦးလား။ သမီးတို့ကို ချစ်တဲ့ သမီးတို့လမ်းမှားသို့ မရောက်အောင် အမြဲသွန်သင်ဆုံးမ လမ်းညွန်ပေးတဲ့ အဘဆရာကျောင်းအုပ်ကြီးကို သမီးတို့ အထူးဂါရဝပြုပြီး သွန်သင်သမျှ နာယူရင်း သမီးတို့ ပညာရေးပန်းတိုင်သို့ ရောက်နိုင်အောင် အတူတကွ ဆက်လက်ကြိုးစားသွားကြပါစို့လား။
-------------------------------------------------------------------------------------------------------------------
မာတိကာ
အမှာစာ
ကဗျာကဏ္ဍ
၁။ Such is life (Bwee Peh)
၂၊အမေ့သား ပြန်လာကို စောင့်ပါ (မျဉ်းပြိုင်)
၃။ မျှော်ကာ မနေနဲ့တော့ (ဆူးဂဠုန်)
၎။ မေမေ့ မေတ္တာ (ဘိုးဘိုး)
၅။ မိဘကျေးဇူး (ခူးရီရယ်)
၆။ ဖေဖေ (ဆောင်းဦး)
(Ky - ဒိုင်နိုဆော)
၈။ သမီးခရီးကား (ဖရေမို မီးမီး)
၉။ အဆိပ်သင့်ပန်း (နို့ဖု)
ဆောင်းပါးကဏ္ဍ
၁။ ကယားလီကေး (ကရင်နီပြည်) အလှများ (ဂေးနီဖေါ)
၂။ ဆူးကြားမှာ ရှင်သန်တဲ့ ပန်းပွင့်လေးများ (ကယားဆူး)
၃။ မိုးတိတ်ရင် သားပြန်လာခဲ့မယ် (ကယားဆူး)
၎။ အောင်မြင်မှုပန်းတိုင် (ဆာအဲလ်ဂေ)
၅။ ကျးသေရင် သရေကျန်ရမယ်။ လူသေရင် နာမည်ချန်ရမယ်။ (ခူးဆူးရယ်)
၆။ အမှတ်တရ မြေကွင်းတစ်နေရာ (မားရ်ကို)
၇။ ပညာရေးခရီးသို့ (မိုးဘိ)
၈။ ခေတ်လူငယ် (ချစ်စု)
၉။ ပင့်ကူအိမ်မှာ ငြိတွယ်နေတဲ့ စိတ်ကြွ လူသားများ (ဆူးရယ်)
၁၀။ ဘဝမှတ်တိုင် (၁) (ဆိုဒူယာ)
ဖွံ့ဖြိုးရေး ကဏ္ဍ
၁။ ရပ်ရွာလူမှုဖွံ့ဖြိုးရေး ဆိုရာဝယ်
၂။ ရပ်ရွာလူမှုအဖွဲ့အစည်း စည်းမျဉ်းလိုက်နာမှု
၃။ ရပ်ရွာလူထုဖွံ့ဖြိုးရေး (တမော့ဆ)
၎။ ရပ်ရွာဖွံ့ဖြိုးရေး၏ အခြေခံမူ (၃)ချက်
ကာတွန်း ကဏ္ဍ
၁။ ပူးပေါင်းလုပ်ဆောင်တဲ့ ဖွံ့ဖြိုးရေး နှင့် ပူးပေါင်းမှုမရှိ ဖွံ့ဖြိုးရေး (ခူးဖဲဘူး)
၂။ ပညာရေးမို့ ကြိုးစားတယ်။ (ခူးဖဲဘူး)
ကျေးဇူးတင်လွှာ


