ကျားသေရင် သားရေကျန်ရတယ်။ လူသေရင် နာမည်ချန်ရမယ်

ချစ်မိတ်ဆွေတို့
ဒီစာလေးနဲ့ ချစ်မိတ်ဆွေတို့အတွက် ကျားသေရင် သားရေကျန်ရတယ်။ လူသေရင် နာမည်ချန်ရမယ်။ ဆိုတဲ့ စာတမ်းလေးကို မျှဝေစေချင်ပါတယ်။
Karenni Leader: Khu Hteh Bu Phe


ကျွန်တော် ဖတ်မိတဲ့ စာတွေထဲမှာ လူသေပြီး နာမည်ကျန်ခဲ့တဲ့ လူတွေ ခပ်များများတွေ့ရသလို လက်ရှိမှာ ရေးနေဆဲ ကလောင်ရှင်တွေ များစွာရှိနေတယ်။ လူသေပြီး နောက်မှ နာမည်ကြီးတဲ့ လူတွေအများကြီးရှိခဲ့ပါတယ်။ ဒါဟာ အရေးပါလှတဲ့ နာမည်နာမတစ်ခုဖြစ်ပါတယ်။ 

မကောင်းတဲ့နာမည်နဲ့ ကျန်ခဲ့တဲ့ လူတွေဟာ သူ့ရဲ့ ဆွေမျိုးသားချင်း၊ ညီအစ်ကို မောင်နှံမများ အမဲစက်တစ်ခု ဖြစ်သွားခဲ့ရပါတယ်။ ကောင်းတဲ့ နာမည်ကျန်ပြီး ယနေ့ခေတ်ထိ ထင်ပေါ်နေတဲ့ လူတွေဟာ ဆွေမျိုးသားချင်း၊ ညီအစ်ကို မောင်နှံမတွေကို အများက ချီးမွမ်းလို့ မဆုံးဂုဏ်ယူနေကြပါတယ်။ 

ဘယ်သူမဆို သေခြင်းတရားနဲ့ ဘယ်သူမှ မလွတ်ကင်းနိုင်းဘူး။ ဒါကြောင့် သေရတာခြင်းအတူတူ အဘယ်သေခြင်းမျိုးက ပိုပြီး မြင့်မြတ်ပါသလဲ။ စစ်ဗိုလ်လုပ်မှ၊ နိုင်ငံခေါင်းဆောင်ဖြစ်မှ သေခြင်းက မြတ်တယ် မဟုတ်ပါဘူး။ ခေါင်းဆောင်ဖြစ်မှ သေခြင်းက မြတ်တယ် မဟုတ်ပါဘူး။ အမျိုးနဲ့ တိုင်းပြည်ကို ချစ်တဲ့စိတ်၊ ကိုယ်ကျိုးမဟုတ်ပဲ အများအကျိုးကို မျှော်ကိုးပြီး လုပ်ဆောင်နေတဲ့စိတ်ဟာလည်း မြတ်ပါတယ်။ လူသာသေပြီး ဝိညာဉ်/နာမည် မသေသေးတဲ့ ပုဂိုလ်တွေ များစွာရှိပါတယ်။ 

ဥပမာအားဖြင့် နပိုလီယံ၊ ကိုလံဘတ်၊ လီနင်၊ လင်ကွန်း၊ ဆွန်ယက်ဆင်တို့ဟာ လူမရှိတော့ပေမယ့် နာမည်ကောင်းသာ ကျန်ပြီး ကောင်းတဲ့နည်းလမ်းလုပ်ဆောင်ချက်တွေ၊ အဖိုးမဖြတ်နိုင်တဲ့ စကားလုံးတွေ ချန်ထားခဲ့တယ်။ 

အာဗြာဟံလင်ကွန်း မိန်ဆိုခဲ့တဲ့ စကားအရ လူသည် တစ်နေ့မွေး၍ တစ်နေ့ သေသည် သို့သော် ကမ္ဘာဆုံးတိုင်အောင် အသက်ရှင် နေရစ်ခဲ့ရန် သင့်ကိုယ်သင် ပြုပြင်နိုင်သည်။  အဲ့ဒီစကားတွေ မှတ်သားပြီး ရခဲလှတဲ့ လူ့ဘဝမှာ လူဖြစ်ကျိုးနပ်အောင် လုပ်ဆောင်သွားဖို့ လိုအပ်နေပါတယ်။ ရခဲလှတဲ့ ဒီလူ့ဘဝမှာ လူဖြစ်ကျိုးမနပ်ပဲ မရေမတွက်နိုင်တဲ့ သေကြေပျက်စီးသူများလည်း များစွာရှိနေပါတယ်။ 

အခုအခါ ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ ကမ္ဘာပေါ်မှာ အဖြစ်ပျက်တွေများစွာ ရှိနေပါတယ်။ ဒါကြောင့် ကိုယ်က ဒီကမ္ဘာသူကမ္ဘာသားတို့ အားလုံးအတွက်၊ ငါရဲ့ အိမ်သူအိမ်သားများနဲ့ သတ္တဝါအားလုံးပါ ကောင်းစားရေးနဲ့ ကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် တာဝန်ကား ငါရဲ့တာဝန်ပဲလို့ သဘောထားပြီး ထိန်းသိမ်းသင့်တာ လုပ်ဆောင်သင့်တာတွေ လုပ်ဆောင်သွားရင် လူသာပင်ပန်းပေမယ့် စိတ်ဝိညာဉ်က ပင်ပန်းသွားမှာ မဟုတ်ဘူး။

   ကမ္ဘာကြီးဟာ ကြီးမားတဲ့အတွက် ထိန်းသိမ်းဖို့၊ ပြုပြင်ဖို့ မလုပ်နိုင်ဘူး၊ တစ်ယောက်တည်းနဲ့ မလုပ်ဆောင်နိုင်ဘူးလို့ မငြီးတွားပါနဲ့။
ကိုယ်နေတဲ့ နေရာလေးတစ်နေရာမှာ ကိုယ်က ဘာအကျိုးပြုနိုင်သလဲ အရင်စဉ်းစားထားလိုက်ပါ။ 

လူဆိုတာ လောက ဧည့်သည်လို့ ဆိုထားကြပါတယ်။ လူ့ပြည်လောကသို့ ရောက်လာရခြင်းမှာလည်း အသိုက်အဝန်းနဲ့ ခေတ္တခဏလာရောက် လည်ပတ်တာဖြစ်လို့ ဒီမြေနေရာလေးမှာ ကိုယ်က ဘာအကျိုးပြုခဲ့မှာလဲ။ နောင်လာမယ့် လူများအတွက် ဘာကို ချန်ခဲ့မလဲ။

ဒီမြေနေရာလေးကို နောက်ထပ်အသစ် ရောက်လာမယ့်လူတွေကို တွေ့ပါစေ၊ မြင်စေချင်ရင် သင့်ရဲ့နာမည်ကို ရေးမှတ် ထွင်းထုထားခဲ့ပါ။ ကံအကြောင်းကောင်း၍ လူ့ပြည် လောကသို့ ရောက်လာလို့ ပြန်လည် မသွားမီ သင့်ရယ် ကျွန်ုပ်တို့ရဲ့ ရာဇာဝင်တွင်မယ့် နာမည် ကလေးတစ်လုံးကို ထွင်းထုထားရစ်ခဲ့ရင် မကောင်းပေဘူးလား။ 

ဒီလိုနာမည် တစ်လုံးကျန်ခဲ့တာ သေသူအတွက် ဘာထူးမှာမို့လဲ၊ ဘာအကျိုးခံစားရပါသလဲလို့ မေးစရာ မေးခွန်းတော့ ရှိနေပေလိမ့်မယ်။

သေသူအတွက်တော့ အကျိုးမရတာတော့ ဟုတ်ပါပြီ။ သင့်ရဲ့ မျိုးဆက်သစ်တွေ၊ ညီအစ်ကို မောင်နှံမတွေ မရှိနိုင်ဘူးလား။ သင်ရဲ့ သားသမီး၊ မြေးမြစ်ရှိတယ်။ ဆွေမျိုးညာတိရှိတယ်။ ဒါ့အပြင် သင်ရဲ့လူမျိုးတွေလည်း ရှိနေသေးတယ်။ ဒါကြောင့် သင်သေသွားသော် သင့်ရဲ့သတင်း၊ သင့်ရဲ့နာမည် မတိမ်ကောသမျှ သူတို့မုချအားရ ရွှင်လန်းလိမ့်မယ်။ ဂုဏ်ယူကြပါလိမ့်မယ်။ သူတို့က သင့်ရဲ့နာမည်ကလေးတစ်လုံးနဲ့ ဂုဏ်ယူစရာဖြစ်နေရင် သင်က အနာဂတ်အတွက် နာမည် တစ်လုံး မထားရစ်နိုင်ဘူးလား။

အကယ်၍ ကမ္ဘာမြေအတွက် တစ်စုံတစ်ခု အကျိုးပြုသွားခဲ့ရင် ကမ္ဘာလောကဟာ သင့်ကို လျစ်လျူရှုထားမယ် မဟုတ်ပါဘူး။ ဒါကြောင့် ကျားသေရင် ကျန်ခဲ့သလို လူသေရင် နာမည်ချန်ရမယ် လို့ စာရေးသူ ကျွန်တော် မှာထားချင်ပါတယ်။ ဒီစာလေးနဲ့ အားလုံးကို ကျေးဇူးတင်ရင်း နိဂုံးချုပါရစေ။

ဆူးရယ်(ကယားဆူး)

----------------------------------------------------------------------------------------------------------------

  မာတိကာ  

အမှာစာ
ကဗျာကဏ္ဍ 

၁။ Such is life   (Bwee Peh)

၂၊အမေ့သား ပြန်လာကို စောင့်ပါ (မျဉ်းပြိုင်)

၃။ မျှော်ကာ မနေနဲ့တော့  (ဆူးဂဠုန်)

၎။ မေမေ့ မေတ္တာ   (ဘိုးဘိုး)

၅။ မိဘကျေးဇူး   (ခူးရီရယ်) 

၆။ ဖေဖေ   (ဆောင်းဦး)

၇။ ပြည်သူ့အာဇာနည်  
 (Ky - ဒိုင်နိုဆော)

၈။ သမီးခရီးကား  (ဖရေမို မီးမီး)

၉။ အဆိပ်သင့်ပန်း   (နို့ဖု)

ဆောင်းပါးကဏ္ဍ 

၁။ ကယားလီကေး (ကရင်နီပြည်) အလှများ (ဂေးနီဖေါ)

၂။ ဆူးကြားမှာ ရှင်သန်တဲ့ ပန်းပွင့်လေးများ   (ကယားဆူး)

၃။ မိုးတိတ်ရင် သားပြန်လာခဲ့မယ်  (ကယားဆူး)

၎။ အောင်မြင်မှုပန်းတိုင်   (ဆာအဲလ်ဂေ)

၅။ ကျးသေရင် သရေကျန်ရမယ်။ လူသေရင် နာမည်ချန်ရမယ်။     (ခူးဆူးရယ်)

၆။ အမှတ်တရ မြေကွင်းတစ်နေရာ    (မားရ်ကို)

၇။ ပညာရေးခရီးသို့    (မိုးဘိ)

၈။ ခေတ်လူငယ်   (ချစ်စု)

၉။ ပင့်ကူအိမ်မှာ ငြိတွယ်နေတဲ့ စိတ်ကြွ လူသားများ    (ဆူးရယ်)

၁၀။ ဘဝမှတ်တိုင် (၁)     (ဆိုဒူယာ)

ဖွံ့ဖြိုးရေး ကဏ္ဍ

၁။ ရပ်ရွာလူမှုဖွံ့ဖြိုးရေး ဆိုရာဝယ်
၂။ ရပ်ရွာလူမှုအဖွဲ့အစည်း စည်းမျဉ်းလိုက်နာမှု
၃။ ရပ်ရွာလူထုဖွံ့ဖြိုးရေး    (တမော့ဆ)
၎။ ရပ်ရွာဖွံ့ဖြိုးရေး၏ အခြေခံမူ (၃)ချက်

ကာတွန်း ကဏ္ဍ
၁။ ပူးပေါင်းလုပ်ဆောင်တဲ့ ဖွံ့ဖြိုးရေး နှင့် ပူးပေါင်းမှုမရှိ ဖွံ့ဖြိုးရေး  (ခူးဖဲဘူး)
 ၂။ ပညာရေးမို့ ကြိုးစားတယ်။    (ခူးဖဲဘူး)

ကျေးဇူးတင်လွှာ


LEAVE A COMMENT? We love to hear what you have to say:

Welcome to Shadaw Journal , Smartie! Comment HERE or at contact@shadaw.net

Copyright 2014© Karenni Video I Affiliated With Shadaw Journal I Shadaw Journal Video I Our Facebook I Supporting Karenni Refugee I Karenni Music